... ချစ်သူ ...
ငါ့ကိုလေ သဝန်တိုလွန်းသူလို့
နင့် ရဲ့ စွပ်စွဲချက်တွေကို လေ
ကျေးဇူးပြုပြီး ပြန်လည်ရုပ်သိမ်းပေးပါလား ........... ?
အိမ်မက်ထဲမှာတောင်
ကြေကွဲစရာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရရင်တောင်
ရုတ်တရက် လန့်နိုးလာတဲ့အခါ
လှိုက်ခုံဝမ်းနည်းမှုတွေကို
အပြင်မှာထိ ခံစားရတာပါ ချစ်သူ ရယ်
နှလုံးသား ဆိုတာ
အိမ်မက်တစ်ခု မဟုတ်ခဲ့ဘူးလေ
နင့် အကြောင်းတွေ ကြားခဲ့ချိန်တိုင်း
တိတ်တဆိတ် ကျိတ်ငိုခဲ့ရတဲ့
ငါ့ ရဲ့ နှလုံးသား ခံစားမှု့တွေ ကို
နားလည်ပေးပါတော့
မြူလေး ရဲ့ ချစ်ဆုံးသူ ရယ်
0 comments:
Post a Comment