RSS Feed

♥♥

Posted by မြူကလေး ၏ ကဗျာများ Labels:

တွေ့ဆုံခြင်း ရဲ့  အစ က

ခွဲခွါဖို့ ဖြစ်လာခဲ့တာလား ချစ်သူ ရယ်

တို့ တွေရဲ့  ချစ်ခြင်းက .. .. ..

မစခင်ကတည်း

ပြီးဆုံသွားတဲ့ ဇာတ်လမ်း 1 ပုဒ်လိုပါပဲ ကွယ်

မတွေ့ခင်ကတည်း က .. .. .. လွမ်း

မချစ်ခင်ကတည်းက .. .. .. ဆွေး

မပိုင်ဆိုင်ရမှန်းသိနေလို့

မင်းမျက်ဝန်ထဲ ကိုမကြည့်ဘဲ

ရှောင်လွဲနေတဲ့ ငါ့ အဖြစ်ကို

မစာနာရင်နေပါ

စကားနဲ့ တော့ အနိုင်မပိုင်းလိုက်ပါနဲ့ နော်

ကျိန်စာသင့်နေတဲ့ ငါ့ နှလုံးသားမှာ

မင်း ပုံရိပ်တွေ ထာဝရ စိုးမိုးနေမှာပါ ချစ်ရသူ ရယ်


0 comments:

Post a Comment