RSS Feed

ခုတော့ . . .

Posted by မြူကလေး ၏ ကဗျာများ Labels:

ဝေး ရမှာ . . . . . သိနေလို့

ဆွေး ရမှာ . . . . . ကြောက်နေလို့

အချစ်ကို ရှောင်ပုန်းခဲ့တဲ့ ငါ

မင်းက အချစ်တွေ နဲ့ ပြုစားခဲ့တယ်နော်

ကျိန်စာသင့်နေခဲ့တဲ့

င့ါ နှလုံးသားကြောင့်

ချစ်ခဲ့မိတဲ့ အချစ်တွေကို

မင်း မမြင်နိုင်အောင် အထပ်ထပ်

သိုးဝှက် သိမ်းဆည်း ထားခဲ့ပေမဲ့


မရ - ရအောင် မင်းဖေါ်ထုတ်ခဲ့တယ်နော်

သြော် . . . ချစ်သူလေးရယ်

မင်း . . .ပြောခဲ့တဲ့စကားလေး

ရင်ထဲမှာ ထာဝရ သိမ်းထားပါတယ်

“ အချစ်မှာ ချစ်နေဖို့ပဲ ” လိုတာပါတဲ့လေ

ခုတော့ . . .

0 comments:

Post a Comment