ဟိုအရင်...တစ်ချိန်တုန်းကတော့
ရင်နှင့်မက ချစ်ခဲ့ပါတယ်နော်
နင် စိတ်ဆိုးမှာ ကို မလိုလားခဲ့သလို
မျက်နှာလေး ညှိုးသွားမှာတောင် ငါ စိုးရိမ်ခဲ့တာပါ
ငါ ဘာပဲဖြစ်နေနေ နင်ကတော့ အပြုံးမပျက်ခဲ့ပါဘူးနော်
ငါ က နင့် ကို အပြုံးမပျက်စေခဲ့ သလို
နင် ကလည်း ငါ့ ကို အငို မရပ်စေခဲ့ပါဘူး
အမြဲထာဝရ ငါ က နင့် အတွက် ဖြစ်နေခဲ့ပေမဲ့
နင့် ကတော့ အမြဲထာဝရ သူများအတွက် ဖြစ်နေခဲ့တယ်နော်
်အမြဲ နင့် ကို ခွင့်လွှတ်ချစ်နဲ့ ချစ်နေပေမဲ့
နင်ပြောခဲ့တဲ့ စကားတစ်ခွန်း က ငါ့ ကို နာကျင်စေရုံ မက
ငါ့ ဘဝ နဲ့ အသိုင်းဝိုင်း ကိုပါ ထိခိုက်စေခဲ့တယ်နော်
ဘယ်လောက်ပဲ ချစ်နေခဲ့ပါစေ
ငါ့ သိက္ခာတော့ အစွန်းထင်းမခံနိုင်ဘူး
နင့် ရဲ့ စကားတွေ ကို ငါ ကြားယောင်တိုင်း
ငါ့ အသည်းထဲ က တစ်မြေ့မြေ့ နဲ့ နာကြည်း မုန်းတီးနေတယ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment