နှုတ်ကကျလာတဲ့ စကားလုံးတိုင်း
ပျားသကာ ထက်တောင် ချိုပါသေးတယ်
ပြုံးလိုက် တဲ့အပြုံး တိုင်းမှာ မာယာ များစွာ စီးဆင်း
ကြည့်လိုက်တဲ့ မျက်ဝန်းတစ်စုံအောက်မှာ မိန်းကလေး များစွာကြွေကြ
နင့် အတ္တ က ကောင်းကောင်းထက်မှာ ပြန့်ကျဲ
နင် မက်မောတာ ဂုဏ်သိက္ခာ
နင်သိပ်ချစ်တာက နင့်မာန
ပြောင်းလဲတတ်တဲ့ လောကကြီးမှာ
မပြောင်းလဲတာ နင့် အကျင့်
ဒါတွေ ကို ဖက်တွယ် နေသရွေ့
နင် နဲ့ ငါ က မဆုံနိုင်တဲ့ မျဉ်းပြိုင်ပဲလေ
သံသယ တွေနဲ့ ပြည့်နှက်နေတဲ့
နင့် အသိုင်းဝိုင်း နဲ့ နင့် ကို လေ
ငါ အသက်ရှုနေတိုင်း မုန်းနေမယ်ဆိုတာ... နင်ယုံကြည်နေလိုက်ပါ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment