RSS Feed

သိစေချင်တယ်

Posted by မြူကလေး ၏ ကဗျာများ Labels:


♥ ချစ်သူ ♥ ရေ

ငါဟာ ..... ရှိတ်စပီးယားလို

အချစ်ဇာတ်လမ်း တစ်ပုဒ်လည်း ...

လျှို့ဝှက်သည်းဖို မရေးတတ်ဘူးကွယ်

နောက် .....

" တဂိုး " လိုလည်း


ကာရံညီတဲ့ အချစ်ကဗျာတွေ ...

လှပဝေစီအောင် မင်းအတွက်လေ

ငါ မကြံဆောင်နိုင်ခဲ့ပါဘူး ကွယ်

ဒါပေမဲ့ .....

ငါ့ရဲ့ ခင်မင်မှု့

ဖြူစင်မှု့ နဲ့ ပေါင်းစပ်

ဖြတ်မရတဲ့ နှောင်ကြိုးတစ်ခုဖြစ်မှာ

လုံးဝသေချာပါတယ် ♥ ချစ်သူ ♥

0 comments:

Post a Comment