RSS Feed

***ရင်ထဲက ဒီဇင်ဘာ***

Posted by မြူကလေး ၏ ကဗျာများ Labels:

အချိန်မှန်မင်းရောက်လာပြန်ပြီပေါ့
တစ်နှစ်တခါလေ…
မရောက်လာသေးတဲ့ နှစ်သစ်ကို ကြိုဆိုဖို့ …
လူတွေက မင်းကိုမေ့ပြီး စိတ်ကူးယဉ်နေကြတဲ့အချိန်မှာ…
ငါကတော့ မင်းကို ပဲ အမြဲသတိတရနဲ့  ထွေးပိုက်ထားချင်ခဲ့တာပါ…
ခုတော့ မင်းရောက်လာပြန်ပြီ…
အေးမြတဲ့ နှင်းဝတ်လွှာကိုဆင်မြန်းရင်း…
ဖြူလွှတဲ့ နှင်းပန်းဖြူ တွေကို ပန်ဆင်ရင်းနဲ့ ပေါ့…
မင်းနဲ့ အတူကြည်နူးခဲ့တဲ့ ဆောင်းမနက်ခင်းတွေ…
ငါတယောက်တည်း အထီးကျန်လွမ်းဆွေးခဲ့ရတဲ့ ဆောင်းညရှည်တွေကို…
မင်းကလွဲပြီး ဘယ်သူမှ မသိခဲ့ပါဘူး…
အဖေါ်မဲ့နေတဲ့ အချိန်မှာ …
မင်းရောက်လာလို့ ပျော်ရွှင်ခဲ့ရပေမယ့်…
မင်းထွက်သွားဦးမယ်ဆိုတဲ့ အသိက ငါ့ကို အမြဲနှိပ်စက်ခဲ့တယ်လေ…
ငါကျေနပ်ပါတယ်…
မင်းခေါင်းထက်က နှင်းပန်းဖြူတွေကို ပွတ်သပ်ရင်း…
သူတို့ ငါ့အပေါ် တဖွဲဖွဲ ကြွေကျနေတာကို ငေးကြည့်ရင်းနဲ့ ပဲ…
ငါကျေနပ်ခဲ့ရသူပါ…
အေးချမ်းတဲ့ ဘ၀ကို မင်းပိုင်ဆိုင်ဖို့ ဆုတောင်းရင်း…
အချိန်မှန်မင်းရောက်လာမှာကို စောင့်မျှော်ရင်း…
အရာအားလုံး မေ့ပျောက်ထားနိုင်သူပါ…
အို… ဒီဇင်ဘာ
ထာဝရထွေးပိုက်ခွင့်ပြုပါလော့……

0 comments:

Post a Comment