RSS Feed

တရေးနိုး အိမ်မက်

Posted by မြူကလေး ၏ ကဗျာများ Labels:

ချစ်သူရေ.....
အတိတ်နေ့ရက်
ရုပ်ကြွင်းတစ်စ
ချစ်မိသူရဲ့
ပုံရိပ်အချို့
ငါ့ အာရုံမှာ
လှုပ်နှိုးပြန်ပြီ

ချစ်သူရေ.....
မေ့ပျောက်မရ
အပြုံးတစ
တစ်ရေးနိုးလဲ
တမ်းတမိတာ
မှန်သော သစ္စာ

ချစ်သူရေ.....
ခိုနားစရာ
ရင်ခွင်ရိပ်က
ဘယ်ဆီမှာလဲ ?
မျှော်လင့်တောင့်တာ
မင်းခေါ်သံက
ဘယ်တော့များမှ
ပေါ်လာမှာလဲ .. ? .. ။

0 comments:

Post a Comment