RSS Feed

ချစ်ခဲ့ရသူအတွက်

Posted by မြူကလေး ၏ ကဗျာများ Labels:


တမ်းတရသူ ရေ

ဆောင်းနှင်းတွေ ဝေလို့

ခိုက်ခိုက်တုန်အောင် ချမ်းပါတယ်ဆိုတဲ့

ဒီဇင်ဘာလရဲ့ အအေးဒါဏ်ကို အံတုလို့

မင်းပေးခဲ့တဲ့ လွမ်းဆွတ်ခြင်း ဝေဒနာတစ်ခု က

ငါ့ရင်မှာလေ နေဆယ်စင်းမက ပူလောင်လွန်းနေတယ်

ချစ်ခဲ့ကြတဲ့ အချိန်တုန်းကဖြင့်လေ

နေပြင်းပြင်းပူနေတဲ့ ဧပရယ်နွေကို တောင်မှ

လှောင်မိသေးတယ် .......... သိလား

မင်းပေးခဲ့တဲ့ ချစ်ခြင်းတွေနဲ့

တို့ရင်မှာ ကြည်နူးမှု နဲ့ သာယာလို့လေ

ရင်မှာရွှင်မြူး လဆယ်စင်း ထွန်းလင်းလို့ အေးမြနေခဲ့ဖူးတယ် ချစ်သူရေ

အနေဝေးနေပေမဲ့လည်း တို့ စိတ်ထဲမှာ မင်းက ထာဝရ ရှိနေတယ်

မင်း နဲ့ မျက်လုံးချင်း ဆုံခွင့်မရနိုင်ပေမဲ့လည်း

အတွေးထဲမှာတော့ အပြုံးချင်း ဖလှယ်လို့ပေါ့

မင်း လက်ကို ဆုပ်ကိုင်ခွင့်မရပေမဲ့လည်း

အတွေးထဲ မှာတော့လေ ...

မင်းရဲ့ ပခုံးထက်မှာမှီ်လို့ ချစ်စကားလေးတွေ ဆိုနေမိတယ်

ခုတော့လေ

ချစ်ရတဲ့သူ က မာယာကို သာယာလို့

အနေဝေးတာ ကို အပြစ်ဖို့

အဝေးက တောသူကို

အပြစ်တွေတင်ကာထားခဲ့ပြီပေါ့နော်

ချစ်သူရေ ကျေနပ်မယ်ဆို မင်းဘဝ မှာ သာယာသလိုသာနေပါတော့နော်

0 comments:

Post a Comment