RSS Feed

အဝေးရောက်ချစ်မိသူ

Posted by မြူကလေး ၏ ကဗျာများ Labels:

အနေနီးမှ အချစ်တစ်ခု
ရှင်သန် ပေါက်ဖွားနိုင်မယ်ဆိုရင်
တစ်နေရာစီ
ဝေးကွာနေတဲ့
ငါတို့နှစ်ယောက်ရဲ့ အချစ်တွေက
ရှင်သန်ဖို့ ခက်ခဲလွန်းနေခဲ့ပြီလား
ချစ်သူ........
အနာဂတ်မှာ
မင်းမရှိတဲ့ ငါ့အဖြစ်
မင်းမရှိတဲ့ ငါ့အချစ်တွေ
ရှင်သန် ပေါက်ဖွားနိုင်ဖို့
တမ်းတမှုတွေနဲ့
အရောက်လှမ်းလာမဲ့ ငါ့ကို
မင်းနဲ့အတူရှိနေခွင့်ပေးပါ.....

0 comments:

Post a Comment