RSS Feed

“ လွမ်းခွင့် “

Posted by မြူကလေး ၏ ကဗျာများ Labels:

မှား လက်စနဲ့
ဆက် မှားလိုက်ချင်တယ်
သိစိတ်နဲ့ငြင်း
မသိစိတ်က ပြင်းပြနေပြီ
ချစ်ခဲ့မိပါရဲ့
ငါ့ကိုယ် ငါ ညာခဲ့တယ်ပေါ့
ခွင့်မပြုပါနဲ့
ခွင့်မလွှတ်လိုက်ပါနဲ့
ငါ အကြိမ်ကြိမ်
အခါခါ တောင်းပန်ပါရဲ့
ငါ့ကို မုန်းလိုက်တဲ့
အခါကျမှ
နင့်ကို ထာဝရ
လွမ်းခွင့်ပေးခဲ့ပါတော့------------------

0 comments:

Post a Comment