RSS Feed

ပေးဆပ်ရင်း နဲ့ ချစ်နေမယ်

Posted by မြူကလေး ၏ ကဗျာများ Labels:


ဖြူစင်စွာရင်းနှီးခဲ့ကြတဲ့ ချစ်သူလေးရေ...

ရာသီတွေဟောင်း အချိန်တွေ ပြောင်းခဲ့ပေမဲ့

ငါ့ ရင်ထဲက ချစ်ခြင်း ဘယ်သောခါမှ မပြောင်းလဲပါ

ဟိုးရင်ကတည်း က အနိုင်ယူခဲ့တဲ့ နင့် ကိုမှ စွဲလန်းမိနေတာက..

ချစ်သူ....

မင်း မျက်ဝန်း ရဲ့ အကြည့်အောက်မှာ ငါ က အရုပ်လေးတစ်ရုပ်ပါ

နှုတ်ခမ်း က ထွက်ကျလာမဲ့
မင်း ရဲ့ စကားလုံးတိုင်း ကို ငါ နာခံနေမှာပါ

ချစ်သူ....

နင် ဘာပဲလုပ်လုပ် အပြစ်မမြင်

ငါ့ မာန တွေ ကို ခဝါ ချလို့

နင် လျှောက် မဲ့ လမ်းမှာ...

ငါ့ ဘဝ ကိုလမ်းခင်းပေးထားတယ် ချစ်သူ....

နင့် အတွက် ဆိုရင် အရာရာကို ငါ ပေးဆပ်နေမှာပါ

ငါ့ အချစ် ကို နင် အသိမှတ် မပြု ရင်နေပါ...

နင့် ကို ချစ်နေတာကိုတော့ မတားဆီး လိုက်ပါနဲ့နော်

ငါ့ ရဲ့  ချစ်ခြင်း နင့် အတွက် ဆို

ဘာပဲ ဖြစ်ဖြစ် အစဉ် ထာဝရ ပေးဆပ်နေမှာပါ

0 comments:

Post a Comment