RSS Feed

***** နယ်မလွန်အချစ် *****

Posted by မြူကလေး ၏ ကဗျာများ Labels:

ရေလာရင်ပျောက်ကွယ်သွားတဲ့

သောင်ပြင် က ခြေရာမဟုတ်

လေယူရာမျောလွင့်သွားတဲ့

ကောင်းကင် က တိမ်တိုက်မဟုတ်

နှလုံးသားမှာ ထင်ကျန်ရစ်တဲ့သံယောဇဉ် ပုံရိပ် က

အတိတ်က ထက်ခိုင်မြဲပါတယ်

ဒါပေမဲ့

မဖြစ်သင့်တဲ့အချစ်

နွံမနစ်ခင်က

ဆွဲထုတ်ယူထားပါရစေ

ဘယ်သူမှမသိတဲ့ အချစ်

သံယောဇဉ်မြစ်အတွင်းစီးမြောခွင့်မရှိ

ငြိတွယ်မှု့တွေပြေပါစေတော့ ........... ချစ်သူ ရယ်

0 comments:

Post a Comment