RSS Feed

မချစ်သင့်သော..သူ

Posted by မြူကလေး ၏ ကဗျာများ Labels:


တစ်ချိန်က ရင်နင့်အောင်-ချစ်ခဲ့ရပါသော ချစ်သူ

ရင်မှာမြတ်နိုး တွယ်တာ ချိန်မှာ...

ဘဝတိုက်ပွဲ တို့နှစ်ဦး အတူယှဉ် တိုက်မယ်

အန္တရာယ် ဟူသမျှ မောင် ရင်ဆိုင်မယ်

နှုတ်ထွက်စကား ပျားသကာ လို ချိုလိုက်ပါဘိ

သူ အလိုရှိ ပြုံးပြုံးလေး နဲ့ ချစ်ခွန်းစကား ဆိုတတ်ပါ၏

ချိန်နေရာ မရွေး ဒေါသ ကလဲ ပြင်းထန်ပါသေး

ဘာပဲဖြစ်ဖြစ် ချစ် မိတော့လည်း....

အပြစ်မမြင်နာခံပါ၏

သို့ပေမဲ့လည်း....

တကယ်ကြုံလာ

အန္တရာယ်နဲ့ ရင်ဆိုင်တွေ့ချိန်

စကားတစ်ခွန်းဆိုခဲ့ပါသေး

““ မောင့် ”” ကို မင်းဘဝ ထဲ ကထွက်သွားခွင့်ပေးပါတဲ့

သြော် ငါ တွေးလိုက်တိုင်း ရင်နာ လို့ မဆုံးပါ

နင် က မချစ်သင့် တဲ့ ချစ်သူပါ

နောင်ဘဝများ ရှိရင် နင် နဲ့ ဝေးရာမှာပဲ ရှိနေပါရစေ

1 comments:

  1. Yunn Nge

    မမ ရေ
    မီးလေး ဒီစာလေးကို အရမ်းကြိုက်လို့ပါ
    ဒီစာလေးက မီးလေး ရဲ့ ခံစားချက်ကိုပြောနေသလိုပဲ

Post a Comment