RSS Feed

မေ့မရလို့ ...........

Posted by မြူကလေး ၏ ကဗျာများ Labels:

ချစ်သူ ...........
ပန်းအင်ကြင်း ခါချဉ်ပါလို့
အမျက်သိုမုန်းမာန်ထားလေတဲ့
သုဘဒ္ဒါမိဖုရားလိုပဲ
မင်းကြိုက်သလို မုန်းလိုက်ပါတော့
ငါ့အဖြစ်ကလေ
ဖြတ်မရတဲ့ ဝေဒနာ အချစ် ..............
တောင်းပန်ဖို့တောင် မဝံ့ရဲတဲ့ ဘဝမို့
သံယောဇဉ် တစ်ခုကို မြိုသိပ်ပြီး
အတိတ်ကိုလည်းမေ့မရတော့
ဝေဒနာပင်လယ်ထဲမှာ
စီးမျောသွားတဲ့ မြစ်တစ်စင်းပေါ့
ချစ်သူ .............
အတိတ်ကို မေ့မရလို့
သံယောဇဉ် မပြတ်တာ မဟုတ်ပါဘူး ...
သံယောဇဉ်မပြတ်နိုင်လို့
အတိတ်ကို မေ့မရတာပါ ............

0 comments:

Post a Comment