RSS Feed

ကျေးဇူးပြုပြီး ငါ့ ကို မချစ်ပါနဲ့

Posted by မြူကလေး ၏ ကဗျာများ Labels:

ချစ်ပြီး မှတော့ မခွဲချင်ပါ
နီးပြီးမှတော့ မဝေးချင်ပါ
ဒါတွေကို နင်သိရဲ့လား....
ငါ နင့် ကို သိပ်ချစ် လို့ လေ
နင်နဲ့ ဝေးရာမှာ နေခဲ့တာပါ
တစ်ချိန်မှာ ခွဲကြရမှာ သိလျှက်နဲ့ .....
နင့် အတွက် ငါ ကြေကွဲမှုတွေ မထားခဲ့ချင်ပါဘူး
ငါ နင့် မျက်ရည်တွေ ကို မမြင်ချင်လို့
နင့် ရဲ့ စကားတိုင်း ကို ဟာသ လုပ်လိုက်ရပေမဲ့လည်
ငါ့ ရင်ထဲမှာ မျက်ရည်တာကျိုး ရင်ကွဲနေတာ နင် မှ မသိပဲလေ
နင် ငါ့ကြောင့် မခံစားစေချင်ပါ / မကြေကွဲစေချင်ပါ
တစ်ချိန်ချိန်မှာပေါ့လေ .....
ငါမရှိတော့ရင်လည်း နင်ပျော်နေပါနော် ချစ်သူ
ခုတော့လေ နင့် ရင်ထဲက အချစ်တွေ ကို ထာဝရအတွက်သိမ်းထားလိုက်ပါနော်
ကျေးဇူးပြုပြီး ငါ့ ကို မချစ်ပါနဲ့နော်
ငါ့ ရင်ထဲ ကအချစ်တွေကိုလည်း နင် မမြင်အောင် ငါသိမ်းထားပါတယ်

0 comments:

Post a Comment