RSS Feed

*** မျက်ရည်မိုး ***

Posted by မြူကလေး ၏ ကဗျာများ Labels:

ချစ်သူ

တကယ်တော့ .... ငါဟာ ....

အနာဂါတ် ကို နာကျင်စွာ

လျှောက်လှမ်းနေရပြီး

အတိတ်ကိုလည်း မေ့မရလို့

ပစ္စုပ္ပန်မှာ ကြေကွဲစွာ

ခံစားနေရသူပါ

ငါကလေ

သံယောဇဉ်လေပြေတွေကို မဟုတ်ပဲ

အချစ်ရဲ့ ပျော်ရွှင်မှုတွေကို

လက်ခံယူဖို့အတွက်ပဲ

ငါ့ရင်ခွင်တံခါးကို

ဖွင့်ထားခဲ့တာပါ

ဒါပေမဲ့ ........ ခုတော့

စနေမျက်ရည်မိုးတွေ

ငါ့ရင်မှာ ငြိုးခဲ့ပြီပေါ့ ချစ်တဲ့သူရယ်

0 comments:

Post a Comment