RSS Feed

လွမ်း ...နောင်တ

Posted by မြူကလေး ၏ ကဗျာများ Labels:


ချစ်သူ ရေ

နင် မရှိတော့မှ နင့် အချစ်တွေ ကို ငါတမ်းတ တတ်လာတယ်

ရှိနေစဉ်တုန်း က နင့် အချစ်တွေကို
အရေးမထားတတ်ခဲ့တဲ့

ငါ့ ရဲ့ စိတ်တွေကို မုန်းလိုက်တာ

အချိန်တွေ ကို ပြန်လှည့်လို့ ရရင်ဖြင့်

မာလှချည်ရဲ့ လို့ ထင်ထားခဲ့တဲ့ ငါ့အသည်း

နင့်အကြောင်းတွေ တွေးလိုက်တာနဲ့

ဖြတ်ဖြတ်ခါအောင် နာကျင်နေတယ်

မငိုတတ်ခဲ့တဲ့ ငါ့ မျက်လုံး က

နင့် name လေး ကြားလိုက်တာနဲ့

ဇွန် ဇူလိုင် မှာ ရွာတဲ့ မိုးထက်တောင် သည်းနေပါတယ်

ချစ်သူ ... မောင် ရေ

နောင်ဘဝ ဆိုတာ ရှိနေခဲ့သေးရင်

ဒီဘဝမှာ မပေးအပ်လိုက်ရတဲ့ ငါ့ ချစ်ခြင်းတွေ ကို ပေးဆပ်ပါရစေနော်

0 comments:

Post a Comment