RSS Feed

အပြစ်မမြင်ပါ ..... ချစ်သူ

Posted by မြူကလေး ၏ ကဗျာများ Labels:


အေးချမ်းလွန်းတဲ့ ဆောင်းမနက်မှာ

ငါ့ ရင်ထဲ က အပူ မီးကြောင့် မအေးနိုင်ပါ ချစ်သူ

အားလုံးက ပြောနေကြတယ် နင့် ကို လေ

ရက်စက်မှု အပေါင်း သရဖူ ဆောင်း

ဘီလူးခေါင်း နဲ့ မင်းသားလေးတဲ့

နင့် ကို ယုံလို့ ...

မယုံကြည်ခဲ့ပါဘူး အများရဲ့ စကား

မျက်စိမှိတ်လို့ ရဲရဲ ဝံ့ဝံ့ ဆက်ချစ်ခဲ့တယ်

ခုတော့ဖြင့် ငါ့ မှာ

နင် ပေးခဲ့တဲ့ လွမ်းဆွတ်ခြင်း ဝေဒနာ

ရင်မှာ ပိုက်လို့...

အများတကာရဲ့  မေးငေါ့ ပြစ်တင်

အတင်းစကားများကြား မျောနေခဲ့တယ်...

နင် ကတော့ဖြင့်

အချိုးမပြောင်း .. နောက်တစ်ယောက်နဲ့

အကြည့်ချင်းဆုံ အပြုံးဖလှယ် ကြည်နူး နေပြန်တယ်နော်

ပျော်နေတယ် မဟုတ်လား ချစ်သူ

နင်ပျော်ဖို့ အတွက် ငါ မျက်ရည် နဲ့ ခြေဆေးမယ် ဆိုရင်တောင်....

အပြစ်မမြင် ထာဝရ ခွင့်လွှတ်နေပါ့မယ် ချစ်သူ

0 comments:

Post a Comment