RSS Feed

နားလည်ပေးပါ

Posted by မြူကလေး ၏ ကဗျာများ Labels:


... ချစ်သူ ...

ငါ့ကိုလေ သဝန်တိုလွန်းသူလို့

နင့် ရဲ့ စွပ်စွဲချက်တွေကို လေ

ကျေးဇူးပြုပြီး ပြန်လည်ရုပ်သိမ်းပေးပါလား ........... ?

အိမ်မက်ထဲမှာတောင်

ကြေကွဲစရာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရရင်တောင်

ရုတ်တရက် လန့်နိုးလာတဲ့အခါ

လှိုက်ခုံဝမ်းနည်းမှုတွေကို

အပြင်မှာထိ ခံစားရတာပါ ချစ်သူ ရယ်

နှလုံးသား ဆိုတာ

အိမ်မက်တစ်ခု မဟုတ်ခဲ့ဘူးလေ

နင့် အကြောင်းတွေ ကြားခဲ့ချိန်တိုင်း

တိတ်တဆိတ် ကျိတ်ငိုခဲ့ရတဲ့

ငါ့ ရဲ့ နှလုံးသား ခံစားမှု့တွေ ကို

နားလည်ပေးပါတော့

မြူလေး ရဲ့ ချစ်ဆုံးသူ ရယ်

0 comments:

Post a Comment