RSS Feed

.. .. မနိုးပါရစေနဲ့ .. ..

Posted by မြူကလေး ၏ ကဗျာများ Labels:

အမှတ်တမဲ့ပါတဲ့လေ


ပြောလိုက်တဲ့ ... နင့် စကားလေးတစ်ခွန်းက

ငါ့အတွက်တော့ ... ကမ္ဘာပျက်မတတ်ပါပဲကွယ်

ကျေးဇူးပြုပီး

စိမ်းကားတဲ့ ... မျက်ဝန်း

ရက်စက်တဲ့ ... အပြော

အေးစက်တဲ့ ... အမူရာ တွေနဲ့

ငါ့ကို ထပ်မနှိပ်စက်ပါနဲ့တော့

အိမ်မက် နဲ့ လက်တွေ့ဘဝ

ကွာခြားလွန်းတာမို့

ငါ့ရဲ့ ချစ်ခြင်း

မသိကျိုးနွံ နင်ပြုရင်လည်း

နင့် ရဲ့  အိမ်မက်တွေထဲ ကို

ငါ့ အချစ်တွေ နဲ့ ဝင်ခွင့်ပြုပါ ချစ်သူ

နင့် ရဲ့  အရေးထားမှု့ တွေက

အိမ်မက်ထဲ မှာပဲ သာယာစေခဲ့တာမို့

ငါဆုတောင်းတယ်

ငါ့အိမ်မက်ထဲ က မနိုးထ ပါရစေနဲ့ ချစ်တဲ့သူ

0 comments:

Post a Comment