RSS Feed

နောက်ဆုံးမျက်ရည်

Posted by မြူကလေး ၏ ကဗျာများ Labels:

နှလုံးသားက

ယိုစိမ့်လာတဲ့

ခံစားချက်တွေကို

ဖွင့်ပြောဖို့သူမရှိသလို

နားထောင်ပေးမဲ့ သူဆိုတာလဲ မရှိခဲ့ဖူး...

ပြင်းထန်တဲ့ ခံစားချက်တွေကြောင့်

ရရှိလာတဲ့ဒဏ်ရာကို ထပ်တူခံစားပေးသူဆိုလို့

မျက်ရည်တွေပဲရှိတယ်....

ခံစားရတဲ့ဒဏ်ရာကို

အပြုံးတစ်ခုနဲ့ ဖုံးကွယ်နိုင်ပေမယ့်

ဖျက်စီးလို့မရတဲ့သံယောဇဉ် တစ်မျှင်ကြောင့်

အပြုံးတုလဲ ခဏခဏ ပျောက်ကွယ်ခဲ့ရပြီ....

အလွမ်းဆိုတာ

သေလောက်အောင် မုန်းတီးသူကို

အလွမ်းလက်ဆောင်ပေးခဲ့တဲ့အတွက်

စိတ်ကနာကျည်းချင်ပေမယ့်

မေ့ပျောက်ခွင့်မရှိတဲ့နှလုံးသား ကို

အပြစ်တင်ရမလား...

ကံကြမ္မာရဲ့ ထိုးနှက်မှု့ကြောင့်

နာကျင်နေတဲ့ ဘ၀ကို

သေဆုံးအောင် လုပ်မယ့်သူက

မင်းဖြစ်နေလိမ့်မယ်လို့

မထင်မိတာအမှန်ပါ....

နောက်ဆုံးအကြိမ်

အယူခံဝင်ခွင့်ရှိမယ်ဆိုရင်

တစ်ခုတောင်းဆိုပါရစေ

သေဆုံးခါနီး ငါ့ဘ၀ကို

ထပ်ပြီးမြေမြုပ်မပစ်ပါနဲ့နော်.. ...


ကိုနေပိုင်




0 comments:

Post a Comment