RSS Feed

ဒီမှန်သော အမုန်းတရားကြောင့် .....

Posted by မြူကလေး ၏ ကဗျာများ Labels:


ငါ နင့် ကိုသိပ်ချစ်ခဲ့ပါတယ်ဟာ


တစ်ချိန်တုန်းကပေါ့နော်။


ဘယ်လောက် ချစ်ခဲ့သလဲဆိုတော


ငါ့ကိုယ် ငါတောင် မသိလိုက် တဲ့ အချိန်မှာ


နင့် စိတ် နဲ့ ငါ့ ကိုယ် ဖြစ်နေခဲ့တယ်လေ


အရာအားလုံး နင့်သဘော ဆောင်ခဲ့တာတောင်


ရက်စက်တတ်တဲ့ နင် က

ဘယ်လိုမှ မထင်မှတ်ထားတဲ့ အချိန်မှာ


ငါ ယုံကြည် ခဲ့တဲ့ သူ နဲ့

လှလှ ပပ သစ္စာဖေါက်

ငါ့ ဘဝ ကို နလန်မထူနိုင်အောင်


အလဲထိုးခဲ့တယ်နော်

နင့် ကို မုန်းတယ် ဆိုတာထက်
ငါ နာကြည်းသွားတာပါ

ဆုတောင်းနေပါတယ် အမြဲတမ်းပေါ့


ဒီမှန်သော အမုန်းတရားကြောင့် နင် နဲ့ ငါ ဘဝ အဆက်ဆက် မဆုံစည်းပါရစေနဲ့ လို့

0 comments:

Post a Comment