RSS Feed

မျှော်လင့်နေပါရစေ

Posted by မြူကလေး ၏ ကဗျာများ Labels:

ရှင်းပြခွင့်တောင် မပေးဘူးဆိုတော့

ဘာအမှားတွေလုပ်မိလို့လဲ ချစ်သူ ရယ်

နင့် ရဲ့  အမိန့်တွေ အောက်မှာ

ငါ့ မာန ကို ခဝါချ

ဘယ်အရာမဆို မောင့်သဘော

ထားရာနေ စေရာသွား

ဒါကိုတောင်

အပြစ်တွေ မြင်နေသေးတာလား

ချစ်ခဲ့မိလို့ အလိုလိုက်ခဲ့တာပါ

ခုလို

အပြစ်တင်ထားခဲ့မယ်ဆိုလည်း

စိတ်မနာ ရင်နာနာ နဲ့

အလွမ်းတွေကိုအဖေါ်ပြုရင်း

မောင်ပြန်လာမဲ့ နေ့ရက်လေးကို

မျှော်လင့်နေပါရစေ

ပြန်လာမဲ့ရက် သေချာမသိပေမဲ့

ဆုံနေကျ အလွမ်းကဖေး မှာ

မြူလေး ကတော့ စောင်နေမြဲပါ

0 comments:

Post a Comment