RSS Feed

သိပ်ချစ်လို့ပါ

Posted by မြူကလေး ၏ ကဗျာများ Labels:

ချစ်သူ ... ရေ

ဖြူစင်နေတဲ့ နင့် ဘဝထဲ ကို ငါ့ ကို ဖိတ်ခေါ်တဲ့ အတွက်

အတိုင်းမသိ ပျော်ရွှင်မှုတွေ နဲ့
ငါ့ ရင်ထဲမှာ ပီတိဝေခဲ့ရပါတယ်

ရူးရူး မိုက်မိုက် နဲ့
ငါ့ ဘဝ ထဲကို နင် ဝင်လာရဲပေမဲ့ လေ

မှောင်မိုက် လွန်းတဲ့ ငါ့ ဘဝ ထဲ မှာ နင့် ကို ခေါ်မထားရက်ပါဘူး

စိတ်ကူးယဉ် မက်ခဲ့ တဲ့
နင့် အိမ်မက်တွေ ကို ဖျက်စီးတယ်လို့

မထင်လိုက်ပါနဲ့နော် ချစ်သူ ......

ရင်နာနာနဲ့ ဆုံးဖြတ်ခဲ့တာ နင့် ကို သိပ်ချစ်လို့ပါ ချစ်သူရယ်

နင့် ကို ချစ်တဲ့ အချစ်တွေ နဲ့
ငါ့ နှလုံးသားလည်း အဆိပ်သင့်နေပါပြီ

0 comments:

Post a Comment