RSS Feed

စာရင်းစစ်ကြည့်ခြင်း

Posted by မြူကလေး ၏ ကဗျာများ Labels:

နေလုံးကလဲ
အားအားရှိ ၀င်လိုက်ထွက်လိုက်နဲ့
နာရီဓါတ်ခဲထည့်ရပေါင်းလဲ များပေါ့။
မနေ့က အင်္ကျီကိုပဲ ပြန်ပြန်ဝတ်နေရ
မနေ့က မျက်နှာကိုပဲ ပြန်ပြန်သစ်နေရနဲ့
စိတ်လေတယ်။
ကံကြမ္မာနဲ့ကိုယ်ကလဲ
ရေလိုက်ငါးလိုက်မဖြစ်ခဲ့ဘူး။

အမှန်အတိုင်းဝန်ခံရရင်
နှပ်ချေးတွဲလောင်းလေးတွေ
နှုတ်ခမ်းနီ ပါးနီလေးတွေနဲ့
အရောင်သွေးစုံပွင့်လန်းလာကြတာမြင်မှ
ကိုယ်က ကိုယ့်အရိပ်ကိုပြန်ကြည့်မိပြီး
ထိတ်လန့်ခဲ့ရတာပါ။

ကိုယ့်ကိုယ်ကို ပြန်စစ်ကြည့်လိုက်တော့

ငါးပွက်ရာငါးစာချရင်း
ရေချိုးပြန်ခဲ့ရတဲ့ သင်ခန်းစာတွေရယ်
အချဉ်ပေါက်နေတဲ့ ဒသနတွေနဲ့ ဦးခေါင်းတစ်လုံးရယ်
အူနဲ့ဟောင်းလောင်းအိပ်ကပ် တစ်ခုရယ်
ဒါတွေပဲ ငါရခဲ့တာပါလား။ ။


ကိုသန့်ဇင်ဝင်း

0 comments:

Post a Comment