RSS Feed

ကျနော်တို့မြို့ကလေး

Posted by မြူကလေး ၏ ကဗျာများ Labels:


ထွေလာဂျီကအစ
ဆယ်ဘီးကားသံတ၀ုန်းဝုန်းနဲ့
တစ်နေကုန်ရုန်းကန်ပြီး
ညညကျမှ
ချင်းတွင်းမြစ်ကမ်းပါးပေါ်
မေးတင်အိပ်စက်တတ်တယ်။

လမ်းပြင်လုပ်သားတွေနဲ့
လမ်းမပေါ်က ချိုင့်ခွက်တွေကလဲ
ဆယ့်နှစ်ရာသီးပတ်လုံးလိုက်တမ်းေ

ပြးတမ်းကစားကြတယ်။

တစ်ချိန်တုန်းက

စက်ဘီးရောင်စုံလေးတွေကိုယ်စီနဲ့
ဟန်ရေးကြွယ်ခဲ့တဲ့ မြို့လေးရဲ့ လမ်းမတွေကလည်း
ခုတော့ဖြင့်
စိန့်တိုင်းဖြစ် ဆိုင်ကယ်ကိုယ်စီနဲ့
ထီမထင်တော့ဘူး။

တစ်နေ့တာလည်ပတ်နိုင်ဖို့အရေး
မီးစက်ကို ဒီဇယ်တွေတိုက်ကျွေးလို့
မီးလာရင်တော့လဲ
ကံစမ်းပေါက်သလို ပျော်ကြပြန်တယ်။

ကိုယ့်ဘာသာထုတ်တဲ့ စည်းကမ်းတွေနံရံမှာချိတ်ထားတဲ့
မိသားစုလုပ်ငန်းလေးတွေရဲ့
အလုပ်သမလေးတွေအိမ်အပြန်ကို
ချိန်ညိုနေမင်းလဲ
စိတ်မရှည်တော့ဘူးတဲ့။

အင်္ဂလန်က သရဲနီ တိုက်ပွဲကျရင်
မြို့လေးရဲ့ညတွေကလဲ နှုတ်ဆိတ်ဆွံအလို့။

ဒါပေမယ့်
ကျနော်တို့တစ်တွေ
တစ်ယောက်နဲ့တစ်ယောက် အမဲလိုက်လို့ကောင်းတုန်း
မဇျွိမသားနဲ့ ကန္တာရသားတွေက
သံထည်တွေနဲ့ ခိုင်ခံ့။
ဂန္ဓာလရာဇ်သားတွေက
အထပ်မြင့်မြင့်တိုက်ကြီးတွေနဲ့
အပေါ်စီးက နေရာယူပြီးကုန်ကြပြီလေ။

မြို့လေးမှာ ကွက်သစ်တွေလဲ
ပိုပိုပေါလာသလို
ကောင်မလေးတွေလဲ
ပိုပိုချောလာတာ အမှန်ပါပဲ။

ကျနော်သိသလောက်
နေ့မှာပွင့်ဝေတဲ့ ပန်းတွေအတွက်
ကျနော်တို့မြို့လေးမှာ
ပန်းခြံတွေ မရှိသေးပါဘူး။
ညမှာမွှေးမယ့် ပန်းတွေအကြောင်းကတော့
သုံးဘီးနဲ့ ဆိုက္ကားဆရာတွေက
ကျနော့်ထက်
ပိုသိကြပါလိမ်မယ့်။ ။

ကိုသန့်ဇင်ဝင်း

0 comments:

Post a Comment