RSS Feed

အလွမ်းရောင်ပိတောက် !!!!!

Posted by မြူကလေး ၏ ကဗျာများ Labels:


နွေဦး ရောက်ခဲ့ပြန်ပီ ချစ်သူ

လေရူးနဲ့ အတူ ပျံလွင့်လာတဲ့

မြေသင်းရနံ့ကြောင့်

အတူပျော်ခဲ့ဖူးတဲ့

အတာသင်္ကြန်ရောက်လုပီနော်

အများသူငါပျော်ရွှင်နေမဲ့အချိန်မှာ

ငါ ငိုနေရအုံးမှာပေါ့ ...

တစ်နှစ်ဆိုတဲ့အချိန်က လည်း

ကုန်လွယ်လိုက်တာနော်

တခါတခါ ဝေ့တိုက်လာတဲ့ ပိတောက်ပန်းတွေမှာ

နင့်အရိပ်တွေ ငါတွေ့လိုက်သလိုပဲ

မျက်ရည်လိမ်းတဲ့ ပိတောက်တွေလေ

ဝေေ၀ဆာဆာကြီးကို ပွင့်လို့

ငါ့ စိတ်ကူးထဲ နင်ပေးလာမဲ့ ပိတောက်တခက်ကို

မဖြစ်နိုင်မှန်းသိပေမဲ့လည်း မျှော်လင့်နေမိသေးတယ် ..

ဒိုင်ယာရီစာအုပ်လေးထဲက ပိတောက်တခက်

ရေစိုနေတဲ့ မျက်ရည်တခြမ်းနဲ့

သင်္ကြန်ရက်ရောက်တိုင်း

သင်္ကြန်မိုးနဲ့ ရောရောငိုတယ်

နင်သိပါ့မလား.....ချစ်သူ..။

0 comments:

Post a Comment