RSS Feed

♥♥♥ နားခိုရာ♥♥♥

Posted by မြူကလေး ၏ ကဗျာများ Labels:

အရာရာ အစဉ်ပြေနေချိန်မှာ

အနှောင့်ယှက်ဆိုတာ ရှိမှာပဲလေ


အပင်မြင့်လေ လေတိုက်လေဆိုတဲ့

စာဆိုတောင်ရှိခဲ့သေးတာပဲနော်


ဒါတွေကို မောင် မသိခဲ့တာလား ...


တမင်ပဲ ရှောင်ခွာချင်လို့ အပြစ်ဖို့ ခဲ့တာလား ...


အမှန်တော့ မောင် ရယ်


ကျွန်မ တို့နှစ်ယောက်ရဲ့  ချစ်ခြင်း က


ဘယ်သူတွေ နဲ့ မသက်ဆိုင်ပါဘူး


ကြားလေ သွေးလို့ မဝေးချင်ဘူးဆိုတဲ့ မောင် က


ကြားလူ တစ်ဦး ရဲ့ စကားကြောင့်


ယုံကြည်ချက် နားလည်းမှု့တွေ နဲ့ အတူ


ချစ်မေတ္တာ သံယောဇာဉ်တွေနဲ့


တည်ဆောက်ခဲ့တဲ့ ချစ်ကမ္ဘာလေး ကို


လွယ်လွယ်လေး ဖြတ်ဖို့ စဉ်းစားခဲ့တာလား မောင်


မောင် သွားချင်တယ်ဆို

ကျွန်မ ဘဝထဲက ခဏလေး ထွက်သွားလိုက်ပါ


မောင် သွားလိုရာနေရာကိုပေါ့

စိတ်ညစ်စရာသောကတွေနဲ့ ကြုံတွေ့တဲ့အခါ

အေးချမ်းသွားအောင် ချွေးသိပ်ပေးမဲ့

ရင်ခွင် တစ်ခု ရှိနေတယ်ဆိုတာ မောင် မမေ့ပါနဲ့


မောင် ပြန်လာမဲ့နေ့ရက်တွေကို ကျွန်မ မျှော်နေပါ့မယ်


ကျွန်မ ရင်ခွင်ဟာ မောင့် အတွက်


အေးမြခြင်း နွေးထွေးခြင်းတွေ ပေးမဲ့ .. .. ..


♥♥♥ နားခိုရာ♥♥♥ လေးတစ်ခုဖြစ်စေမှာပါ

0 comments:

Post a Comment