RSS Feed

ရုန်းထွက်ဖို့ ခက်

Posted by မြူကလေး ၏ ကဗျာများ Labels:

နောက်ဆုတ်ဖို့ အကြေိမ်ကြိမ်ကြိုးစားရင်း

ရှေ့တစ်လှမ်းတိုးတိုးမိနေတာ .. .. ..

လမ်းခွဲဖို့တွေးလိုက်တိုင်း


နှလုံးသားက လက်မခံနိုင်တာ

ဆုံတွေ့ခဲ့တာမကြာပေမဲ့

ရင်မှာဖြစ်တဲ့ ချစ်ခြင်းကတော့

တစ်ဘဝလုံးစာ အတွက်ပါ

မဖြစ်နိုင်မှန်းသိပေမဲ့

နင့်သည်းစွာ ချစ်ခဲ့မိတာ

မဆုံနိုင်မှန်းသိနေပေမဲ့

လွမ်းနေခဲ့တာတွေ က

ငါ့ဘဝ အတွက် ဝဋ်ကြွေး ဆိုရင်လည်း

ဒီ ဝဋ်ကြွေး မကုန်သရွေ့ ဆက်ချစ်နေပါရစေ ချစ်သူ

1 comments:

  1. မြူကလေး ၏ ကဗျာများ

    ခံစားချက်လေးပါ

Post a Comment