RSS Feed

သိမ်းပိုက်လိုက်ပါ

Posted by မြူကလေး ၏ ကဗျာများ

ရယ်ချင်လျက်နဲ့ ငိုနေတဲ့
ငါ့နှလုံးသားက
မင်းနဲ့မှာပဲ ရယ်နိုင်တော့တယ်....
ဒီတသက် မနိုးဘူးလို့ လောင်းကြေးထပ်ထားတဲ့
ငါ့နှလုံးသားက
မင်းနဲ့မှာပဲ နိုးလာတော့တယ်....
အချစ်ဆိုတာကို မသိခဲ့တဲ့
ငါ့နှလုံးသားက
မင်းနဲ့မှာပဲ ချစ်တတ်လာတော့တယ်....
ကဲ မင်းအချစ်ကပဲ
ငါ့နှလုံးသားကို ထာဝရ သိမ်းပိုက်လိုက်ပါတော့ ချစ်သူရယ်

ကိုရဲ ရဲ့ ခံစားချက်

0 comments:

Post a Comment