RSS Feed

အသက်ရှုနေသမျှ မုန်းနေမယ်...

Posted by မြူကလေး ၏ ကဗျာများ Labels:

နှုတ်ကကျလာတဲ့ စကားလုံးတိုင်း

ပျားသကာ ထက်တောင် ချိုပါသေးတယ်


ပြုံးလိုက် တဲ့အပြုံး တိုင်းမှာ မာယာ များစွာ စီးဆင်း


ကြည့်လိုက်တဲ့ မျက်ဝန်းတစ်စုံအောက်မှာ မိန်းကလေး များစွာကြွေကြ


နင့် အတ္တ က ကောင်းကောင်းထက်မှာ ပြန့်ကျဲ


နင် မက်မောတာ ဂုဏ်သိက္ခာ


နင်သိပ်ချစ်တာက နင့်မာန


ပြောင်းလဲတတ်တဲ့ လောကကြီးမှာ

မပြောင်းလဲတာ နင့် အကျင့်

ဒါတွေ ကို ဖက်တွယ် နေသရွေ့

နင် နဲ့ ငါ က မဆုံနိုင်တဲ့ မျဉ်းပြိုင်ပဲလေ

သံသယ တွေနဲ့ ပြည့်နှက်နေတဲ့

နင့် အသိုင်းဝိုင်း နဲ့ နင့် ကို လေ

ငါ အသက်ရှုနေတိုင်း မုန်းနေမယ်ဆိုတာ... နင်ယုံကြည်နေလိုက်ပါ

0 comments:

Post a Comment