RSS Feed

ဘယ်လိုပဲ ချစ်ခဲ့ပါစေ ခုတော့ မုန်းတယ်

Posted by မြူကလေး ၏ ကဗျာများ Labels:


ဟိုအရင်...တစ်ချိန်တုန်းကတော့

ရင်နှင့်မက ချစ်ခဲ့ပါတယ်နော်

နင် စိတ်ဆိုးမှာ ကို မလိုလားခဲ့သလို

မျက်နှာလေး ညှိုးသွားမှာတောင် ငါ စိုးရိမ်ခဲ့တာပါ

ငါ ဘာပဲဖြစ်နေနေ
နင်ကတော့ အပြုံးမပျက်ခဲ့ပါဘူးနော်

ငါ က နင့် ကို အပြုံးမပျက်စေခဲ့ သလို

နင် ကလည်း ငါ့ ကို အငို မရပ်စေခဲ့ပါဘူး

အမြဲထာဝရ
ငါ က နင့် အတွက် ဖြစ်နေခဲ့ပေမဲ့

နင့် ကတော့ အမြဲထာဝရ သူများအတွက် ဖြစ်နေခဲ့တယ်နော်

်အမြဲ နင့် ကို ခွင့်လွှတ်ချစ်နဲ့ ချစ်နေပေမဲ့

နင်ပြောခဲ့တဲ့ စကားတစ်ခွန်း က ငါ့ ကို နာကျင်စေရုံ မက

ငါ့ ဘဝ နဲ့ အသိုင်းဝိုင်း ကိုပါ ထိခိုက်စေခဲ့တယ်နော်

ဘယ်လောက်ပဲ ချစ်နေခဲ့ပါစေ

ငါ့ သိက္ခာတော့ အစွန်းထင်းမခံနိုင်ဘူး

နင့် ရဲ့ စကားတွေ ကို ငါ ကြားယောင်တိုင်း

ငါ့ အသည်းထဲ က တစ်မြေ့မြေ့ နဲ့ နာကြည်း မုန်းတီးနေတယ်


0 comments:

Post a Comment