RSS Feed

မေ့ရက်သူ

Posted by မြူကလေး ၏ ကဗျာများ Labels:


လေပွေရူးလို

မေ့ မူးမွှေနှောက်

စိတ်နောက်ကိုယ်ပါ

လေနှင်ရာသင့်

လွင့်ချင်လိုက်တာ။။။။။

တိမ်လွှာပြင်လို

ဟိုသည်ရွေ့ လျား

ရပ်နားမရှိ

စိတ်သိကင်းစင်

နေချင်လိုက်တာ။။။

ပင်လယ်ပြင်လို

မမြင်လမ်းစ

ဆုံးစမရှိ

တအိအိမျော

မျှောချင်လိုက်တာ။။။

ဒီနေ့.....

ချစ်သူများနေ့ တဲ့

အသဲကွဲနေတဲ့...ငါ

အရမ်းလွမ်းတာပေါ့ကွာ။။။။


အေးမြသီတာ


အလင်းစေတမန် မှ ဖြစ်ပါသည်။

0 comments:

Post a Comment